If You Wish Upon Me (2022) [MMSub]

Split Post - Split Article Into Several Pages
If you wish upon me/당신이 소원을 말하면 (2022)

ဇာတ်လမ်းအကျဥ်း

ဩဂုတ်လ ဒုတိယအပတ်မှာထွက်ရှိလာတဲ့ ဇာတ်ကားလေး‌ကတော့ Sound of Magic အပြီးမှာ Comeback လာတဲ့ အိုပါး Ji Chang Wook ရဲ့ သမရိုးကျအချစ်ဇာတ်လမ်းကနေ ကွဲထွက်နေတဲ့ တစ်မူထူးတဲ့ရသတစ်မျိုးကို ပေးစွမ်းမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့နောက်ဆုံးအချိန်ကို ကြိုသိနေတဲ့သူတွေမှာ နောက်ဆုံးဖြစ်ချင်တဲ့ဆန္ဒဆိုတာ ရှိတတ်ကြပါတယ်။ လောကကြီးကမထွက်ခွာခင် ထိုဆန္ဒတွေပြည့်ဝသွားတယ်ဆိုရင် သွားရမယ့်ခရီးမှာ ဘယ်လောက်တောင်များ အေးချမ်းစွာအနားယူနိုင်လိုက်မလဲ။

ကိုယ်ကိုယ်တိုင်က ပျော်ရွှင်မှုဆိုတာ ဘာလဲ သေချာမသိသေးဘဲ လောကဓံရဲ့ကြမ်းတမ်းမှုတွေကြောင့် မျှော်လင့်ချက်မဲ့နေတဲ့ လူတစ်ယောက်...

ဘဝမှာခံစားခဲ့ရတဲ့ နာကျင်မှုတွေကို တက်တူးအဖြစ်ပြောင်းလဲရင်း တစ်ကိုယ်လုံးမှာ တက်တူးအပြည့်နဲ့ ထိုသူ...

"ငါလည်း တစ်ခါလောက်တော့ တခြားသူတွေလို ပုံမှန်ဘဝလေးနဲ့ နေထိုင်ကြည့်ချင်တယ်" ဆိုတဲ့ အိပ်မက်နဲ့ ထိုသူ...

ဘဝပေးအခြေအနေကြောင့် ခက်ခဲကြမ်းတမ်းမှုတွေကိုပဲ ရင်ဆိုင်ဖြတ်သန်းလာရတဲ့ Yoon Gyeo Rye ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ‌ကြီးပြင်းခဲ့ရတဲ့သူပါ။ လူငယ်ဘဝကို လူငယ်ထိန်းသိမ်းရေးစခန်းနဲ့ အကျဉ်းထောင်ကြားမှာပဲ ကုန်ဆုံးခဲ့ရပြီး တခြားသူတွေလို သာမန်ဘဝလေးနဲ့ပဲ နေထိုင်သွားချင်သူတစ်ယောက်ပါ။ ထိုကဲ့သို လောကဓံအခက်အခဲတွေကြားမှာ ရုန်းကန်ရှင်သန်ရင်း မတော်တဆမှုတစ်ခုကြောင့် ဆေးရုံတစ်ခုမှာ လုပ်အားပေးဖို ဖြစ်လာတဲ့အခါ ဆေးရုံရဲ့ အဖွဲခေါင်းဆောင် Kang Tae Shik နှင့် သူနာပြုဆရာမလေး Seo Yeon Joo တိုနဲ့အတူတူ ကုမရတော့တဲ့ ရောဂါသည်တွေရဲ့ နောက်ဆုံးဆန္ဒတွေကို ကြိုးစားဖြည့်ဆည်းပေးပါတော့တယ်။ ဒီလိုနဲ့ လောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ့် သူတိုမှာ ဘယ်လိုဆန္ဒတွေများရှိနေမှာလဲ။ မျှော်လင့်ချက်မဲ့နေတဲ့ Yoon Gyeo Rye တစ်ယောက် ထိုသူတိုရဲ့ နောက်ဆုံးဆန္ဒတွေကို ပြီးမြောက်‌သွားအောင် ဖြည့်ဆည်းပေးနိုင်မှာလားဆိုတာကို ရသအပြည့်နဲ့ ကြည့်ရှုခံစားရမှာပါ။

ကျရာဇာတ်ရုတ်အပေါ်ပိုင်နိုင်တဲ့ Ji Chang Wook ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ အတူ Support မင်းသားကြီး Sung Dong-il နှင့် မင်းသမီး Sooyoung တိုရဲ့ အပိုအလိုမရှိတဲ့ အတွဲညီညီသရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်လို အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ဆက်ဆက်စောင့်မျှော်အားပေးကြပါဦး။

Posters

image_title_here image_title_here image_title_here

Download Links

Episode - 01:    360p   720p   1080p

Episode - 02:   360p   720p   1080p

Episode - 03:   360p   720p   1080p

Episode - 04:   360p   720p   1080p

Episode - 05:   360p   720p   1080p

Episode - 06:   360p   720p   1080p

Episode - 07:   360p   720p   1080p

Getting Info...

About the Author

Just a guy who is interested in modern technology. I love to learn new things and share what I know with others.

Post a Comment

Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.